Samsung ဖုန်းများအတွက် Original Flash File များအစုံ ရယူနိုင်မယ့် နေရာလေးတစ်ခုကို နည်းပညာ ညီအစ်ကိုများ Share လုပ်ထားတာလေးကိုတွေ့မိလို့ လိုအပ်နေတဲ့သူတွေအတွက် တစ်နေရာ တည်းမှာ လိုချင်တာလေးများကို အလွယ်တကူ ဒေါင်းလော့ရယူနိုင်အောင်လို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ဒေါင်းလော့လင့်ကတော်တော်အဆင်ပြေပါတယ်၊ Usercloud ကနေ တင်ပေးထားတာဆိုတော့ လိုင်းကောင်းနေဖို့ပါပဲ။ လိုချင်တဲ့ Firmware ကို Series အလိုက် အသေးစိတ်ရှာဖွေပြီး ရယူနိုင်မှာလည်း ဖြစ်ပါတယ်၊
ကျနော်ဒီလင့်လေးကို ပြန်လည်မျှဝေလိုက်တာက နေ့စဉ်လည်းကျနော့်အတွက် လိုအပ်နေသလို တစ်ခြားညီအစ်ကိုများလည်း လိုအပ်နေကြမှာပဲဆိုတာကို သိပါတယ်။ ပြီးတော့ အရေးကြုံလာရင် ဒီလင့်လေးကို အမြဲတမ်း အမှတ်ရနေပြီး လိုချင်တာများကို ရယူနိုင်အောင် ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။
သင့်အတွက် ဒီလင့်လေးသာ အသေမှတ်ထားခဲ့မယ်ဆိုရင်တော့ Samsung ဖုန်းတွေအတွက် Original Firmware တွေကို လိုအပ်တဲ့အခါ မျက်စိနောက်အောင် တကူးတကရှာနေစရာမလိုတော့ဘူးပေါ့ သတိရတိုင်း ကလစ်တစ်ချက်တည်းဖြင့် အလွယ်တကူ ဒေါင်းလော့ရယူနိုင်ပါပြီ။
No comments:
Post a Comment