ဒီနေ့ တင်ပြချင်တဲ့
အကြောင်းအရာလေးကတော့ မိမိတို့ဘလော့မှာ Powered by blogger ကိုဆိုတဲ့စာကြောင်းလေးကြောင့်
စိတ်အနှောက်အယှက် ဖြစ်နေသူများအတွက် သတင်းကောင်းလို့ ဆိုကြပါစို့ဗျာ။ Online ပေါ်က အကိုဆရာများ
ရေးသားလမ်းညွှန်ပြီးသား သင်ခန်းစာလေးကို လေ့လာပြီးပီးချင်း ပြန်လည်မျှဝေတာဖြစ်ပါတယ်။
ဘလော့ပြုပြင်လေ့ရှိသူများအတွက်တော့ သိပ်မခဲယဉ်းတဲ့ နည်းလေးပါ။ Blogger က
ဒါလေးကို
ဘယ်လိုဖြုတ်ရသလဲဆိုတာကို အောက်ကလုပ်ဆောင်ချက် အဆင့်ဆင့်ကို ဆက်လက်လေ့လာကြည့်ပါ။
အဆင့်(၁)
Blogger ကို Sign in ဝင်ပါ။
အဆင့်(၂)
Dashboard ကိုသွားပါ။
အဆင့်(၃)
Template ကိုရွေးပါ။
အဆင့်(၄)
Edit HTML ကိုဆက်ဝင်ပါ။
အဆင့်(၅)
HTLM စာမျက်နှာရောက်ရင် Click တစ်ချက်နှိပ်၊ cursor ချပြီး Ctrl+F (သို့မဟုတ်) F3 အကူညီဖြင့် အောက်ပါ ပေးထားတဲ့
ကုဒ်ကို ရှာလိုက်ပါ။
<b:widget id='Attribution1' locked='true' title='' type='Attribution'>
အဆင့်(၆) အဲဒီ code တွေထဲမှာ
true နေရာကို false နဲ့ အစားထိုးလိုက်ပါ။
အဆင့်(၇) မိမိတို့ ပြုပြင်ထားတဲ့
Template ကို Save လုပ်ပေးလိုက်ပါ။
ဒီအဆင့်ထိ Template အပိုင်း
ပြင်ဆင်ပြီးပြီ။ မိမိတို့ ဘလော့စာမျက်နှာကို ဖော်ပြမယ့် Layout ပိုင်းကို ဆက်သွားရအောင်….
အဆင့်(၈) Layout ကို ရွေးချယ်
click ပါ။
အဆင့်(၉) Layout စာမျက်နှာမှာ
Attribution ဆိုတာကို လိုက်ရှာပါ။ တွေ့ပြီဆိုရင် Edit ကို click လိုက်ပါ။
အဆင့်(၁၀) Edit လုပ်ဖို့
Pop-up windows ပွင့်လာရင် Remove ကိုရွေးချယ်ပြီး OK ပေးလိုက်ပါ။
View blog ကို click ပြီး ကိုယ့်ဘလော့ကို
ပြန်လည်ကြည့်လိုက်ရင် Powered
by blogger ဆိုတဲ့စာသားကို တွေ့ရတော့မှာ မဟုတ်ပါဘူး။
လေ့လာသူများအားလုံး
အဆင်ပြေကြပါစေ…..
credit to ဘလော့ခရီးသည်
No comments:
Post a Comment