Monday, January 18, 2016

Facebook တွင် Report လုပ်နည်း

Facebook ​တို့ Blogger ​တို့​ဟာ ​ဒီ​မို​က​ရေ​စီ​နည်း​လမ်း​ကျ​ကျ​နဲ့ ​လည်​ပတ်​နေ​ပါ​တယ်။ ​ကျွန်​တော်​တို့​ကို ​ကြိုက်​တာ​တင်​ခွင့်၊ ​ရေး​ခွင့်​ပေး​ထား​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​အ​များ​ထင်​နေ​ကြ​သ​လို​မျိုး ​စည်း​မဲ့​ကမ်း​မဲ့​တော့ ​မ​ဟုတ်​ပါ။ ​လူ​တစ်​ယောက် ​တင်​တဲ့​အ​ကြောင်း​အ​ရာ၊ ​ဓာတ်​ပုံ ​စ​တာ​တွေ​ဟာ ​မူ​ပိုင်​ခွင့်​နဲ့​ငြိ​စွန်း​ရင်၊ ​လူ​မျိုး​ရေး​ဘာ​သာ​ရေး​တိုက်​ခိုက်​မှု​ဖြစ်​ရင်၊ ​လိင်​ပိုင်း​ဆိုင်​ရာ ​ရိုင်း​စိုင်း​မှု​တွေ​ပါ​ရင်၊ ​ပု​ဂ္ဂိုလ်​ရေး ​တိုက်​ခိုက်​မှု​တွေ​ဆို​ရင် Report ​လုပ်​ပြီး ​ဖျက်​ဖို့​တောင်း​ဆို​နိုင်​ခွင့်​တွေ ​ပေး​ထား​ပါ​တယ်။ 
ဒါ​ကြောင့်​မို့ ​ကျွန်​တော်​တို့​အ​နေ​နဲ့ ​အ​ထက်​ပါ​အ​ကြောင်း​အ​ရာ​မျိုး​တွေ ​တစ်​စုံ​တစ်​ယောက်​က ​သူ့ Facebook ​မှာ ​တင်​တဲ့​အ​ခါ​မှာ ​ဝိုင်း​ပြီး​တော့ ​ဆဲ​နေ​မယ့် ​အ​စား Facebook ​ဆီ Report ​ဝိုင်း​တင်​ပြီး ​ဖျက်​ပေး​ဖို့ ​တောင်း​ဆို​နိုင်​ပါ​တယ်။ Report ​တင်​တဲ့​သူ​များ​ရင် Facebook ​က ​ဖျက်​ပေး​မှာ ​အ​သေ​အ​ချာ​ပါ​ပဲ။ Facebook ​ရဲ့ ​အ​ယူ​အ​ဆ​က​တော့ ​ရှင်း​ပါ​တယ်။ ​အ​များ​က ​လက်​မ​ခံ​ရင် ​သူ​တို့​ဘက်​က ​ဖျက်​ပေး​မယ်​ဆို​တာ​ပါ​ပဲ။

သူ​တင်​လိုက်​တဲ့ Status ​ရဲ့ ​ညာ​ဘက်​ထောင့်​မှာ​ရှိ​တဲ့ ​ကြက်​ခြေ​ခတ် ​ခ​လုတ်​လေး​ကို​နှိပ်​ပြီး Report/Mark as Spam ​ကို ​ရွေး​ပေး​ပါ။ ​အဲ​ဒီ​အ​ခါ​မှာ ​Thanks for Your Help ​ဆို​တဲ့ ​စာ​တမ်း​ပေါ်​လာ​ပါ​လိမ့်​မယ်။ ​အဲ​ဒီ​မှာ​ပါ​တဲ့ Report ​ဆို​တဲ့ Link ​ကို ​ထပ်​နှိပ်​ပါ။

Window ​တစ်​ခု ​ထပ်​ပေါ်​လာ​ပါ​လိမ့်​မယ်။ ​ဒီ​နေ​ရာ​မှာ ​သူ​တင်​ထား​တဲ့ Post  ​ဟာ ​ဘယ်​လို​အ​ကြောင်း​အ​ရာ​မျိုး​နဲ့ ​ငြိ​စွန်း​တယ်​ဆို​တာ​ကို ​ကိုယ့်​ဘက်​က ​သေ​ချာ​ရွေး​ပေး​ရ​ပါ​လိမ့်​မယ်။

I don't like this post (​ဒီ​ပို့စ်​ကို ​ကျွန်​တော်​မ​ကြိုက်​ပါ)

It's harassing me (​ဒီ​ပို့စ်​ဟာ ​ကျွန်​တော့်​ကို ​တိုက်​ခိုက်​နေ​တယ်)

It's harassing a friend (​ဒီ​ပို့စ်​ဟာ ​ကျွန်​တော့်​သူ​ငယ်​ချင်း​ကို ​တိုက်​ခိုက်​နေ​တယ်)

Spam or scam (​ဒီ​ပို့စ်​ဟာ ​အ​ကျိုး​မ​ရှိ​တဲ့ Spam ​တစ်​ခု​ဖြစ်​တယ်)

Hate Speech (​ရိုင်း​စိုင်း​ကြမ်း​တမ်း​တဲ့ ​စ​ကား​ပြော​ဖြစ်​တယ်)

သူ့​ကို​ရွေး​လိုက်​ရင်​တော့ ​နောက်​ထပ် ​ရွေး​စ​ရာ​တွေ ​ထပ်​ပေါ်​လာ​ပါ​လိမ့်​မယ်

           * Target a Race or Ethnicity (​လူ​မျိုး​ရေး​တိုက်​ခိုက်​မှု)

           * Target a religious group (​ဘာ​သာ​ရေး​တိုက်​ခိုက်​မှု)

           * Targets based on gender or orientation (​ယော​ကျာ်း​ဖြစ်​မှု၊ ​မိန်း​မ​ဖြစ်​မှု​ကို ​တိုက်​ခိုက်​မှု)

           * Targets people with disability or disease (​မ​သန်​မ​စွမ်း​သူ​များ​ကို ​တိုက်​ခိုက်​မှု)

Violence or harmful behavior (​ချိုး​ဖောက်​မှု ​သို့ ​ကြမ်း​တမ်း​ရိုင်း​စိုင်း​တဲ့ ​အ​ပြု​အ​မူ​ဖြစ်​တယ်) ​သူ့​ကို​ရွေး​လိုက်​ရင်​တော့ ​နောက်​ထပ် ​ရွေး​စ​ရာ​တွေ ​ထပ်​ပေါ်​လာ​ပါ​လိမ့်​မယ်

            * Credible threat of violence (​ငွေ​ကြေး​ဆိုင်​ရာ ​ခြိမ်း​ခြောက်​မှု)

            * Self-Harm

            * Suicidal Content (​ကိုယ့်​ကိုယ်​ကို ​သေ​ကြောင်း​ကြံ​စည်​မှု​နှင့် ​ဆက်​နွယ်​သော​အ​ကြောင်း​အ​ရာ)

            * Graphic Violence (​ပုံ​ရိပ်​ပိုင်း ​ချိုး​ဖောက်​မှု - ​အ​ခြား​သူ​ပုံ​များ​ကို ​အ​ခွင့်​မ​ရှိ​ပဲ ​တင်​ခြင်း)

            * Theft or vandalism (​ခိုး​ယူ​မှု ​သို့ ​ရမ်း​ကား​ဖျက်​ဆီး​မှု)

            * Illegal drug use (​မူး​ယစ်​ဆေး​ဝါး​သုံး​စွဲ​မှု)

Sexually explicit content (​လိင်​ပိုင်း​ဆိုင်​ရာ ​မ​သင့်​တော်​သော ​အ​ချက်​အ​လက်​များ​ပါ​ဝင်​နေ​မှု)

My friend's account might be compromised or hacked (​ကျွန်​တော့်​သူ​ငယ်​ချင်း​ရဲ့ ​အ​ကောင့်​ကို ​ခိုး​ယူ​ပြီး​သုံး​စွဲ​နေ​ခြင်း)


အ​ထက်​ပါ​ရွေး​စ​ရာ​တွေ​ထဲ​က​မှ ​သင့်​တော်​တာ​ကို ​ရွေး​ပြီး Continue ​ကို ​နှိပ်​ပါ။ ​အဲ​ဒီ​အ​ခါ ​Window ​တစ်​ခု ​ထပ်​ပေါ်​လာ​ပါ​လိမ့်​ဦး​မယ်။


Block ​ကို ​ရွေး​ပေး​လိုက်​ရင်​တော့ ​သူ​နဲ့​ကိုယ်​နဲ့ Facebook ​မှာ ​ဆက်​သွယ်​လို့ ​မ​ရ​တော့​ပါ​ဘူး။
Get help..... ​ကို ​ရွေး​ပေး​ရင်​တော့ ​ကိုယ်​နဲ့​အ​တူ Report ​ဝိုင်း​တင်​ဖို့ ​သူ​ငယ်​ချင်း​တွေ ​အ​ကူ​အ​ညီ​တောင်း​နိုင်​ပါ​လိမ့်​မယ်။


မ​ဖြစ်​မ​နေ​လုပ်​ရ​မှာ​က​တော့ ​အောက်​ဆုံး​က Report to Facebook ​ကို ​အ​မှန်​ခြစ်​ပြီး Continue ​ကို ​ဆက်​နှိပ်​ပါ။



နောက်​ဆုံး Thank you ​ပေါ်​လာ​ရင်​တော့ Report ​တင်​တာ ​အောင်​မြင်​သွား​ပါ​ပြီ။



ယခု Post သည် ကြိုက်နှစ်သက်၍ ကူးယူဖော်ပြသော Post ဖြစ်ပါသည်။ Credit to - မူပိုင်ရေးသားသူ

No comments: