ကျွန်တော်တို့ သူငယ်ချင်းတို့ ကြားနေရ မြင်နေရတာ ရှိမှာပါ ...
အဲဒါက ဘာလည်း ဆိုတော့ အင်တာနက် ပိတ်ထားလည်း အော်တို ပွင့်တယ် ၀ိုင်ဖိုင် ပိတ်ထားလည်း အော်တို ပွင့်တယ်။ ဒီထက် ဆိုးတာ ဆိုရင် အင်တာနက် သုံးလိုက် တာနဲ့ ဆောစ်ဝဲ တွေကို အော်တို Download လုပ် notifications မှာလည်း ဖျက်မရ Format ချလည်း ဖြစ်မြဲတိုင်း ဖြစ်ပြန် ဘာလုပ်လို့ လုပ်ရမှန်း မသိ ဆိုင်သွား ပြရင်လည်း ပိုက်ဆံ ကုန်အုံးမယ်။
တကယ်တော့ အဲဒါလေးဖြေရှင်းဖို့က လွယ်လွယ်လေးပါ အဲဒါက ဘာကြောင့် ဖြစ်သလည်း ဆိုတော့ ကျွန်တော် တွေ့ဘူး သလောက် ထင်မြင်ချက် လေးပါ ။
DU Speed Booster (Cleaner) Holo luncher အခြား အချို့သော Free ဆောစ့်ဝဲလ်တွေ ကြောင့်ဖြစ်တာပါ။ နောက်ပြီးတော့ sexy apk တွေကြောင့်လည်း ပါတယ်။ ထားလိုက်ပါတော့ ဘာကြောင့် ဖြစ်ဖြစ် ဖြစ်လာရင် ကြုံလာရင် ဘယ်လို လုပ်မလဲ ဆိုတာ ပြောပြ ပါမယ်ခင်ဗျာ။
အဲဒီလို ကြုံလာရင် မိမိဖုန်းက root လုပ်ထားပြီးသား ဖြစ်ရပါမယ်။ မလုပ် ရသေးရင် လုပ်လိုက်ဗျာ။လုပ်လို့ မရဘူး ဆိုရင်တော့ Firmware တင်တဲ့ နည်း တစ်နည်းဘဲ ရှိတယ်။
အဆင့်(၁) Root ထားပြီးသား ဖုန်းဆိုရင် security တစ်ခုခု ဒေါင်းပြီး ဖုန်းထဲကို Install လုပ်လိုက်ပါ။ နမှုနာအနေနဲ့ 360 Security သွင်းလိုက်မယ်။ ဘယ် Security ဆောစ်ဝဲလ် သွင်းသွင်း, သွင်းပြီးရင် Root Accect ရအောင် လုပ်ပါ။
အဆင့်(၂) ပြီးရင် ဖုန်းထဲမှာ ဗိုင်းရပ် စစ်ပါ။ စစ်တဲ့ အချိန်မှာ အင်တာနက် ဖွင့်ထားပါ။ အဲဒါမှ စစ်တဲ့ အခါ တွေ့ရမှာမို့လို့ပါ။
Root မရှိလည်း စစ်ရင် တွေ့တော့ တွေ့ရတယ်။ ဖြုတ်လို့ မရဘူး။
အဆင့်(၃) တွေ့ရင် သူဖြုတ် ခိုင်းတာတွေ အကုန်ဖြုတ် လိုက်ပါ။
အဆင့်(၄) ဖြုတ်ပြီးရင် ဖုန်းကို Restart လုပ်ပြီး ပြန်စစ်ပါ။
သုံးခေါက်လောက် စစ်လိုက်လို့ မတွေ့တော့ ရင် မိမိဖုန်းက လုံးဝ ကောင်းသွားပါပြီ။
အဆင်ပြေကြပါစေ…
Original link
No comments:
Post a Comment