Tuesday, March 17, 2015

High School English Grammar & Composition


Wren & Martin ပြုစုတဲ့ High School English Grammar & Composition ဆိုတဲ့ ebook လေးကို Free 
download ရနိုင်တဲ့နေရာကနေ ရှာယူထားပါတယ်။ ကျနော်တို့ ဖရီးကစ်တာကို ကမ္ဘာက 
နားလည်ခွင့်လွတ်နိုင်ပါလိမ့်မယ်။ ebook လေးဆိုလို့ သေးသေးလေးလို့တော့ မထင်လိုက်ပါနဲ့ဗျာ။ 
စာမျက်နှာ ၉၀၀ ကျော်ပါဝင်ပါတယ်။
၁၉၆၀ ခုနှစ် ပတ်ဝန်းကျင်နှစ်များဆီက မြန်မာနိုင်ငံမှာ ကျောင်းသုံးအဖြစ်
ပြဌာန်းခဲ့တဲ့ grammar စာအုပ်လို့ ကြားဖူးနားဝ စကားများအရ သိရပါတယ်။ 2.88 MB 
ပဲရှိပါတယ်။ Rule တွေကို ရှင်းပြ၍ လေ့ကျင်းခန်းများပါ တွဲဖက်လေ့ကျင့်လို့ရအောင် စီမံထားပါတယ်။ မူရင်း ရိုးရိုးစာအုပ်နဲ့တော့ ebook ပြန်လည်ပြုစုသူ အလိုကြောင့် ကွဲလွဲချက်နည်းနည်းကလေး ရှိနေနိုင်ပါတယ်။ 
English Grammar ကို လေ့လာလိုက်စားလိုသူအတွက် သိပ်ကို ခြုံမိငုံမိနိုင်တဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါခင်ဗျာ…


ကျနော့်ရဲ့ အင်္ဂလိပ်စာသင်ကြားရေး FB Page လေး

No comments: