ဒီ post မှာတော့ Gerund (verbal noun) (V+ing) အကြောင်းလေးကို
ပြောချင်ပါတယ်။ မြန်မာလို ဘာသာပြန်ရမယ်ဆိုရင် ခြင်း၊မှု တွဲသော ကြိယာနာမ် လို့ ဘာသာပြန်ဆိုချင်ပါတယ်။
တစ်နည်းအားဖြင့် ကြိယာပုံစံနဲ့ နာမ်အလုပ်ကို လုပ်တယ်ပေါ့ဗျာ။ Continuous verb နဲ့
Gerund ကို မရောထွေးစေချင်ပါဘူး။ Continuous form မှာ main verb ရှေ့မှာ သူ့ကို အထောက်အကူပြုမယ့်
Verb to Be ပါလေ့ရှိပါတယ်။ ရှေ့မှ Verb to Be ပါတိုင်းလည်း Continuous verb မဟုတ်ဘဲ
Gerund လည်း ဖြစ်နိုင်တယ် ဆိုတာ သတိထားစေချင်ပါတယ်။
နာမ်တစ်ခုဟာ ဝါကျ(စာကြောင်း)မှာ
Subject လည်းဖြစ်နိုင်သလို၊ Object လည်းဖြစ်နိင်တယ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ နာမ်အလုပ်ကိုလုပ်မယ့် ကြိယာနာမ်(gerund) ကိုလည်း အဲဒီနေရာတွေမှာ တွေ့ရလိမ့်မယ်။ အသေးစိတ်ဖြည့်စွက်ပြောရရင်
ဝါကျမှာ gerund နေရာယူပုံ (အသုံးပြုပုံ) ၆မျိုးရှိတယ်။
၎င်းတို့မှာ gerund ကို
1.SUBJECT နေရာ
2.OBJECT နေရာ
3.SUBJECT COMPLETEMENT နေရာ
4.OBJECT COMPLETEMENT နေရာ
5.OBJECT of a PREPOSITION နေရာ
6.OBJECT of a POSSESSIVE နေရာတွေမှာ ထားပြီးသုံးတယ်။
Fig 1.9 မှာ ၁ နဲ့ ၂ က subject အလုပ်လုပ်တဲ့ gerund နဲ့
object အလုပ်ကိုလုပ်တဲ့ gerund တွေ ဆိုတာ သိသာထင်ရှားပါတယ်။
နံပါတ်၃ စာကြောင်းမှာတော့
ရုတ်တရက်ကြည့်လိုက်ရင် continuous form လိုလို ဖြစ်နေတယ်။ အမှန်ကတော့ What I hate
most ဆိုတဲ့ Subject ရဲ့ ဆိုလိုချက်ကို ပြည့်စုံအောင် ဖြည့်စွက်မယ့် Subject
completement ပဲဖြစ်ပါတယ်။
နောက်ထပ် အဲဒီပုံစံ
ဥပမာ
My favirate activity is LISTENING to the music.
နံပါတ်၎ စာကြောင်းမှာဆိုရင် I saw Jim သည် Sub+V+Obj ဖြစ်တယ်။
riding ဆိုတဲ့ အရာဟာ Object ဖြစ်တဲ့ Jim ရဲ့ ဆောက်ရွက်မှုကို ပြည့်စုံအောင် ဖြည့်စွက်ဖော်ပြတာ
ဖြစ်လို့ Object completement အလုပ်ကို လုပ်ဆောင်နေတဲ့ gerund လို့ ပြောတာပါ။
နံပါတ် ၅ စာကြောင်းဟာဆိုရင် gerund တွေကို အသုံးပြုတဲ့နေရာမှာ
အလွန့်ကို အသုံးများတဲ့ ပုံစံဖြစ်ပါတယ်။
intermediate နဲ့ advanced Speaker တို့အတွက် ဒီဝါကျပုံစံ မျိုးဟာ အရေးကြီးတဲ့
အခန်းကဏ္ဍက ပါဝင်နေပါတယ်။
အဲဒီ preposition တွေရဲ့နောက်မှာ လိုက်ပါလာတဲ့ gerund ဟာ
ဝါကျမှာ Obj အလုပ်ကို လုပ်ဆောင်နေတာဖြစ်လို့ OBJECT OF A PREPOSITION လို့ ဖော်ပြတာ
ဖြစ်ပါတယ်။
နောက်ထပ် အဲဒီပုံစံ ဥပမာ
I'm excited about DOING something.
They're intent on DESTROYING this company!
I'am used to
doing something.
နံပါတ်၆ စာကြောင်းမှာဆိုရင် your သည်(possessive) ပိုင်ဆိုင်မှုပြပုဒ်
ဖြစ်တယ်။ ဒီစာကြောင်းမှာ bossing (တစ်စုံတစ်ယောက် ကို ဘာလုပ်ဘာလုပ်ပါလို့ ညွှန်ကြားနေခြင်း=
bossing) ဆိုတဲ့ gerund ဟာ ပိုင်ဆိုင်မှုပြပုဒ်နောက်မှာ ကပ်ပြီး Object အနေနဲ့ ဆောင်ရွက်တာ
ဖြစ်လို့ OBJECT OF A POSSESSIVE လို့ ဖော်ပြတာ
ဖြစ်ပါတယ်။
နောက်ထပ် အဲဒီပုံစံ ဥပမာ
I don't like her COOKING.
Your WRITING needs to improve.
အထက်ပါ အကြောင်းအရာလေးကို ပိုပြီးတော့ ပြည့်ပြည့်စုံစုံလေး
လေ့လာချင်ရင်
video file နဲ့ရှင်းပြထားတာကို သွားရောက်လေ့လာနိုင်ပါတယ်။
နောက်ထပ်လည်း အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ လေ့လာစရာတွေ တပုံတပင် တွေ့ရနိုင်ပါသေးတယ်လို့
မိတ်ဆွေအားလုံးတို့အား အကြံပြုလိုက်ရင်း ဒီ post လေးကို အဆုံးသတ်လိုက်ပါတယ်။
ကျနော့်ရဲ့ Facebook Page လေး
No comments:
Post a Comment