Thursday, November 6, 2014

ABOUT ME


လမ်းမှားပြီး ရောက်လာကြသူများ အားလုံး မင်္ဂလာပါခင်ဗျာ...


          ပထမဆုံး ကျနော်ဟာ နည်းပညာဆိုင်ရာ ပညာရှင်တစ်ယောက် မဟုတ်ဘူးဆိုတာ ၀န်ခံပြောကြားပါရစေ။ ဘလော့စာ မျက်နှာတစ်ခု ဖြစ်ပေါ်လာပုံကို လေ့လာနေသော ၀ါသနာရှင်သက်သက် မျှသာဖြစ်ပါသည်။ ကျနော့်ဘလော့တွင် ဖော်ပြသော တချို့တချို့သော အကြောင်းအရာများသည် အခြား ၀က်ဆိုက်များ၊ ဘလော့စာမျက်နှာများမှ ကူးယူဖော် ပြခြင်းသာ ဖြစ်ပါသည်။ ထိုကဲ့သို့ ဖော်ပြရာတွင် မူရင်းဝက်ဆိုက်ကိုပါ Post ၏ အောက်ဘက်တွင် တပါတည်း ဖော်ပြ သွားပါမည်။
        
        ကျနော့် ဘလော့တွင် တခြားပညာရှင်များ၏ ဘလော့များကဲ့သို့ အကြောင်းအရာစုံ ဝေေ၀ဆာဆာ ဖြစ်နေ စေရန်သာ ရည်ရွယ်ရင်း ဖြစ်ပါသည်။ ကျနော့် စာမျက်နှာကို ရောက်လာသောမိတ်ဆွေတို့ မတွေ့ရသေးသည့် အကြောင်းကို ကျနော်မှ ပြန်လည်ဖောက်သည်ချ၍ ပြောပြခြင်းသာ ဖြစ်ပါသည်။ ယခုကဲ့သို့ တင်ပြနေရခြင်းမှာ အခြားသူများ အပင်ပန်းခံ ဖန်တီးထားသော Post တို့ကို copy/paste လေးလုပ်ပြီး အချောင်အမြတ်ထုတ်လိုက်တာပဲဟု အထင်မရောက် စေရန် တင်ပြရခြင်းဖြစ်ပါသည်။  

  
      ပုဂ္ဂိုလ်ချင်း ခင်မင်ရင်းနှီးခြင်းမရှိသော်လည်း သင်ဆရာ၊ မြင်ဆရာ အဖြစ် ဦးထိပ်ပန်ဆင်လျက် ကျနော်လေ့လာနေသော နည်းပညာဆိုင်ရာ -၀က်ဆိုက်များကို ကျနော့်ဘလော့ စာမျက်နှာတွင် ဖော်ပြထားပါသည်။ ကျနော့် ဘလော့ ခေါင်းစဉ်နှင့် အညီ လေ့လာမိသမျှ အကြောင်းအရာများကို အလျင်းသင့်သလို တင်ပြသွားပါမည်။                

No comments: