ပြောကြရတာမှ မဟုတ်တာ။ မိဘဘိုးဘွားပြောတာကို မှတ်သားပြီး
ပြန်လည်ပြောဆိုကြရတာပဲ မဟုတ်ပါလားခင်ဗျာ။ ဒီ skill နှစ်ခုမှာပြောသူနဲ့ကြားနာသူ အပြန်အလှန်
နားလည်သွားကြရင် အလုပ်ဖြစ်ပြီ။
Writing မှာတော့ သဒ္ဒါနည်းလမ်းနှင့် အညီ ရေးသားရတာမို့ သဒ္ဒါစည်းမျဉ်းတို့ကို
နားလည်ထားဖို့ အင်မတန် အရေးကြီးပါတယ်။Reading ကျွမ်းကျင်ဖို့
အတွက်လည်း သဒ္ဒါစည်းမျဉ်းတို့ကို
တတ်သိနားလည်ထားရပါ့မယ်။ ဒါမှသာ သဒ္ဒါနည်းကျ ရေးသားထားသောစာပေတို့ကို ဖတ်ရှုနားလည်
ဘာသာပြန်ဆိုနိုင်မှာပဲဖြစ်ပါတယ်။
အင်္ဂလိပ်စာ ရေးသားခြင်းနဲ့ ပတ်သက်လို့ "အင်္ဂလိပ်လိုတွေး အင်္ဂလိပ်လိုရေး"
တို့၊ "မြန်မာလိုတွေး အင်္ဂလိပ်လိုရေး" တို့စသောမိမိတို့ကိုင်စွဲထားတဲ့
မူတွေကို အခြေအတင်ဆွေးနွေးခဲ့ကြပါတယ်။ သဘောကျအနှစ်သက်ဆုံး မူဝါဒမှာ
"ဘယ်လိုပဲတွေးတွေး သူ့စာပေကို သူ့
စည်းမျဉ်းနဲ့အညီရေးရမှာပဲ" ဆိုတဲ့ ဆရာလူထုစိန်ဝင်းရဲ့ စကားပဲ။ ဘယ်စာပေမှာမဆို
သဒ္ဒါနည်းမှန်မှန် ရေးသားမှသာ"ခွန်အားရှိသောစာ"
ဖြစ်မယ်လို့ ဆရာကြီးရွှေဥဒေါင်းက ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြဖူးပါတယ်။
အခုလို သဒ္ဒါဋီကာတွေ ချဲ့နေလို့ ကျနော်ဟာ သဒ္ဒါစည်းမျဉ်းတွေ တစ်ဖက်ကမ်းခတ်
ကျွမ်းကျင်နေတဲ့ ဆရာတစ်ဆူလို ဆရာကြီးလုပ်နေတယ်ဟု မထင်စေလိုပါ။
ကျနော်ဟာ အင်္ဂလိပ်စာသင်ကြားရေးမှာ လက်ရှိအောင်မြင်ကျော်ကြားနေတဲ့ ဆရာတစ်ယောက်လည်းမဟုတ်ရပါ။
ရည်ရွယ်ချက်ကတော့ Blogger အကြောင်းကိုလေ့လာရင်း တစ်ချက်ခုတ်နှစ်ချက်ပြတ် အနေဖြင့်
ကျနော့် ဘလော့ကို ရောက်လာကြသူ
မိတ်ဆွေတို့ကို နဲနဲလေးပဲဖြစ်ဖြစ် အကျိုးရှိစေဖို့ပဲ ဖြစ်ပါတယ်ခင်ဗျား။
ဒါကြောင့် ကျနော်ရေးသားမယ့် အကြောင်းအရာတို့ဟာ သင်ရိုးတစ်ခုကို ဖတ်ရှုလေ့လာ ရသလို
Step by step ဖြစ်ချင်မှဖြစ်မှာပါ။ ဒါကတော့ Basic level
အတွက်၊ ဒါကတော့ Intermediate level အတွက် ဆိုပြီးခွဲခြားရေးသား နေမှာလည်း မဟုတ်ပါဘူး။
ကျနော့်ဘလော့ ကိုရောက်လာကြသူ
ကျောင်းသားလူငယ်တို့အတွက် တင်ပြတဲ့အကြောင်းအရာလေးတွေထဲကမှ တစ်ချက်လောက် အထောက်အကူ ရသွားတယ်ဆိုရင်
ကျေနပ်ပါပြီ။
နောက်တစ်ခုပြောချင်တာကတော့ ကျနော် ရေးတင်နေရတာဟာ tabletလေးကို အသုံးပြုပြီး
post တင်နေရတာမို့လို့ နှောင့်နှေးကြန့်ကြာမှုများရှိရင် သည်းခံဖတ်ရှုကြပါလို့ပဲ
တောင်းပန်ပြောကြားပါရစေ။ နောင်အနာဂတ် လူငယ်တို့အတွက် အင်္ဂလိပ်စာသင်ထောင်ကူပြု
သဒ္ဒါစည်းမျဉ်းတို့အား သိသလောက်ကြိုးစား ရေးသားသွားပါအုံးမယ်။
ကျနော့်ရဲ့ အင်္ဂလိပ်စာ သင်ကြားရေး FB Page လေး
No comments:
Post a Comment